FAQ


ထီနန်းတော်ဆိုတာ မြန်မာနိုင်ငံ၏ပထဦးဆုံးသောအွန်လိုင်းထီကွန်ယက်ဖြစ်ပါတယ်။ ထီထိုးသူများ အနေဖြင့် အချိန်မကုန်၊ လူမပင်ပန်းစေရန်အတွက် ရည်မှန်း၍ ဝက်ဆိုဒ်နှင့် မိုလ်ဘိုင်းအက်ပလိကေးရှင်းများအား အသုံးပြု၍ အဆင်ပြေစွာထီထိုးနိုင်သောစနစ်တစ်ခုဖြစ်ပါသည်။ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ၂၄ နာရီလုံးထီဆိုင်ကြီးတစ်ဆိုင်ကဲ့သို့ထီထိုးနိုင်သောအခွင့်အရေးတစ်ခုဖြစ်ပါသည်။
ထီနန်းတော်မှာ ထီလက်မှတ်ဝယ်ယူချင်တယ်ဆိုရင်တော့ Lottery Palace Application မှာ လွယ်လွယ်ကူကူ account register လုပ်ပြီး ဝယ်ယူရရှိနိုင်ပါတယ်။ Guest Checkout function ဖြင့်လည်း မကြာမီ တွင် ဝယ်ယူလို့ ရတော့မှာ ဖြစ်ပါတယ်။
Account register လုပ်ဖို့အတွက်ဆိုရင်တော့ Lottery Palace Website မှာ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ် အစရှိသည်တို့ကို ထည့်သွင်းပြီး register ပြုလုပ်နိုင်ပါတယ်။ Verification Code ကိုမိတ်ဆွေတို့၏ ဖုန်းနံပါတ်ကိုပေးပို့ မှာဖြစ်ပြီး မိတ်ဆွေတို့ မှ Code လက်ခံရ ရှိကြောင်း verify လုပ်ပေးရမှာဖြစ်ပါတယ်။
-Lottery Palace facebook messenger မှ မိတ်ဆွေတို့ သိလိုသည့် အကြောင်းအရာများကို အချိန်နှင့်တပြေးညီ ဖြေကြားပေးနေပါတယ်။ -Lottery Palace ၏ Hotline: 09 401017500 ကိုလည်းဆက်သွယ်လို့ ရပါတယ်။ ထို့ အပြင် စုံစမ်းမေးမြန်းရန် Mail: info@lotterypalacemm.com ကိုလည်း မေးလ် ပို့ထားနိုင်ပါတယ်။
Cash on Delivery စနစ်ဖြစ်လို့ မိတ်ဆွေတို့ရဲ့ နေအိမ်ကို ထီလက်မှတ်ရောက်မှသာ ငွေပေးချေရမှာပါ။ ဝန်ဆောင်မှုကတော့ အခမဲ့ဖြစ်ပါတယ်။ မကြာမီ အချိန်တွင်း အခြားသော ငွေပေးချေမှုစနစ်များကိုလည်း ထည့်သွင်းတော့မှာဖြစ်ပါတယ်။
ထီလက်မှတ်များကို ဝယ်ယူပြီး (၄၈) နာရီအတွင်း မိတ်ဆွေတို့လိပ်စာအတိုင်း အိမ်အရောက် ပို့ဆောင်ပေးမှာပါ။
ထီနန်းတော်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းပြည်ပမြန်မာနိုင်ငံသားတိုင်း အောင်ဘာလေထီကို နေပူပူ မိုးရွာရွာ အချိန်မရွေး နေရာမရွေး လွယ်ကူလျှင်မြန်စွာ ထီထိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏အစိုးရဘဏ္ဌာငွေတိုးလာစေရန်နှင့် အရင်ထက်ပို၍အဆင်ပြေချောမွေ့စွာဖြင့်ထီထိုးနိုင်ရန်ဖြစ်ပါသည်။
ထီလက်မှတ်တွေကို မိတ်ဆွေတို့ဆီ ပို့ဆောင်ရာမှာတော့ သေသပ်တဲ့ထုပ်ပိုးမှုပုံစံနဲ့ ပို့ဆောင်ပေးမှာပါ။
ထီနန်းတော် ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းတွေကတော့ - လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်လူပင်ပန်းသက်သာခြင်း - မိမိကြိုက်နှစ်သက်ရာ ထီနံပါတ်အား ရွေးချယ်ဝယ်ယူနိုင်ခြင်း - နေပူမိုးရွာမရှောင် အချိန်မရွေး နေရာမရွေး ထီထိုးနိုင်ခြင်း - အခမဲ့ အိမ်အရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု ပါဝင်ခြင်း - Cash on Delivery စနစ်ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြားအောင်လဲ Lottery Palace က အပြည့်အဝ အာမခံပါတယ်။